နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ထားဝယ် ဩဂုတ် ၁၈
ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။