ကျိုက်ထိုမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသနေပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ကြာဖြူ-ကျိုက်ပိလမ်း နှစ်မိုင်အနက် လေးဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ကျိုက္ကသာ- စွပ္ပနူးလမ်း ပေ ၃၀၀၀ ကတ္တရာ ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် လေးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်