နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မယ်ပုတ်- ကျားကိုက်- မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ၁၀ မိုင်အနက် မြေသားလမ်း ၃ မိုင် ဖောက်လုပ်ခြင်းနှင့် ၅x၅x၂၆ ပေ Box Culvert ၁၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူ ၃၆၅၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၄၉၁၄ ဒသမ ၉၁၃ သန်းဖြင့် လမ်းတာချဲ့ ၁၅ မိုင်၊ မြေသားလမ်း ၈ မိုင်၊ မြေသားလမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၀ မိုင်၊ အမာခံလမ်း ၈ မိုင်၊ ကျောက်လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၅ ဖာလုံ၊ Box Culvert ၂၇ စင်း၊ ကွန်ကရစ်တံတားတစ်စင်း၊ ကျောက်တောင်မိုင်းခွဲခြင်း လုပ်ငန်းတစ်ခု၊ တောင်ပြိုမြေရှင်းလင်းခြင်း လုပ်ငန်းရှစ်ခု၊ ချဉ်းကပ်လမ်းပြုပြင်ခြင်းတစ်ခု၊ သာသနာရေးလုပ်ငန်းသုံးခု၊ ဦးစီးဌာနလုပ်ငန်းငါးခု၊ ထောက်ပံ့လုပ်ငန်းနှစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။