ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွှေဂူကြီးဘုရားအဝင်လမ်းမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၃၈ ဒသမ ၃၈၀ သန်းဖြင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်ရှိ ရွှေဂူကြီးဘုရားအဝင်လမ်းနေရာမှ ပြင်ရွာတိုက်နယ် နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းမှာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    အဆိုပါ လမ်းပိုင်းသည် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ် လမ်း ၂ မိုင် ၄ ဖာလုံနှင့် ဆက်သွယ်သည့် လမ်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်၌ ရှေးဟောင်း သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်ဘုရားများ၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အဦများ တည်ရှိကာ ဒေသအတွင်း ခရီးသွားလုပ်ငန်းအတွက်များစွာ အထောက်အကူပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ လူဦးရေ ၁၃၆၅၀ ဦးတို့၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များကိုလည်း ကုန်စည်စီးဆင်းမှု လျင်မြန်စွာပို့ဆောင်ရောင်းဝယ်နိုင်ကြပြီဖြစ်သဖြင့် များစွာဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph