ကျိုက်မရောမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်မဟာဖားဘောင်လိုဏ်ဂူတော်အဝင်လမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

ဇွန်လ ၈ ရက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင် လိုဏ်ဂူတော်ကြီး သည် ရာသီမရွေး ဘုရားဖူးဧည့်သည်များ အများအပြားလာရောက်ဖူးမြော်ကြသည့် အထင်ကရ နေရာတစ်ခုဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များ သွားလာရေး အဆင်ပြေစေရန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ် ၃၄၂ ဒသမ ၉၄၆ သန်းဖြင့် ကျိုက်မရောမြို့နယ်၊ တရနာ - ဘုရားကုန်း လမ်းမ ကြီးမှ  မဟာဖားဘောင် လိုဏ်ဂူတော် အထိ ၁ မိုင်၂ ဖာလုံ အားကွန်ကရစ်လမ်းအဖြစ်  အဆင့်မြှင့်တင်ခြင်း၊ လမ်းတာဘောင် အကာအကွယ် နံရံပြုလုပ်ခြင်းနှင့် Box  Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။