Malteser International နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ အခြေစိုက် Malteser International သည် ၂၀၀၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စီမံကိန်းအဆင့် ၄ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၆.၄၂၈ သန်းသုံးစွဲ၍ စာသင်ကျောင်း/ ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ သဘာဝ ဘေးအန္တရာယ်လျော့ချရေး လုပ်ငန်းများအား ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

planing planning

စီမံကိန်းပထမအဆင့်အနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၀.၇၉၀ သန်းသုံးစွဲ၍ “ဝ” ဒေသ တောင်ပိုင်းတွင် ငှက်ဖျားရောဂါကာကွယ်ရေး၊ ရေနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဖြင့် လည်းကောင်း၊ စီမံကိန်း ဒုတိယအဆင့် အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁.၄၁၀ သန်းသုံးစွဲ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဝိန်းကောင်၊ မန်မန်ဆိုင်၊ ပန်ဆန်း၊ နမ့်ခမ်းဝိုး၊ နောင်ခစ်၊ မိုင်းမော၊ မိုင်ပေါက်၊ မိုင်းကာ၊ ဟိုတောင်၊ မိုင်းဖျန်၊ လုံထန်၊ နမ့်တစ်၊ မိုင်းလားမြို့နယ်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်များတွင် HIV/AIDS တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ ဆေးကုသခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ ARTဆေး တိုက်ကျွေးခြင်း နှင့် ဖြန့်ဝေခြင်း၊ ရောဂါပိုး စစ်ဆေးခြင်း၊ ရေရရှိရေးလုပ်ငန်းများ ၊ စာသင်ကျောင်း ဆောက်လုပ်ခြင်း လုပ်ငန်းများအား လည်းကောင်း၊ စီမံကိန်း တတိယအဆင့် အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄.၂၂၈ သန်း သုံးစွဲ၍ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲမြို့နယ်များနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်ဆန်း၊ မိုင်းလား၊ ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်တို့တွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးစက်နှင့် ကိရိယာများ ပံ့ပိုးပေးခြင်း၊ HIV/AIDS ကာကွယ်ကုသရေးအတွက် အရည်အသွေးမြှင့်တင်ပေးခြင်း သင်တန်းများ၊ ရောဂါရှာဖွေခြင်း၊ ဓါတ်ခွဲ စမ်းသပ်ခြင်း၊ HIV/AIDS လူနာများအား ကုသပေးခြင်းလုပ်ငန်းများအား လည်းကောင်း ၊ စီမံကိန်း စတုတ္ထအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၅.၇၀၂ သန်း သုံးစွဲ၍ ကရင်ပြည်နယ် ဘားအံ၊ ဖာပွန်၊ လှိုင်းဘွဲ့မြို့နယ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းခတ်၊ ပန်ခန်း၊ မိုင်းလား၊ မိုင်းတုံမြို့နယ်များနှင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောမြို့နယ်များတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ /စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ စံပြယင်လုံအိမ်သာများ ဆောက်လုပ်ပေးခြင်း၊ လက်ဆေး ရေကန်/ရေလှောင်ကန်များ ဆောက်လုပ်ခြင်း၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ ကျန်းမာရေးအသိမြှင့်တင်ခြင်း သင်တန်း များအား လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph