October 2025

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)သင်တန်းဖွင့်ပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အောက်တိုဘာလ ၂၇ ရက် နံနက်၁၀နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ် စဉ်(၁၁)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။

standard

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်

မိုင်းဆတ် အောက်တိုဘာ ၂၈    
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

အောင်ပန်းမြို့၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်

အောင်ပန်း အောက်တိုဘာ    ၂၈
အောင်ပန်းမြို့  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း၌ အောက်တိုဘာလ ၂၇ ရက်က စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲကျင်းပသည် ။ 
ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း က အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ 

standard

မုဒုံမြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

မုဒုံ     အောက်တိုဘာ     ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၁၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

standard

မြိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်

မြိတ် အောက်တိုဘာ   ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းကို ယမန်နေ့က ဖွင့်လှစ်သည်။

standard