မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်

မိုင်းဆတ် အောက်တိုဘာ ၂၈    
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အမှာစကားပြောကြားပြီး သင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ ၃၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် လက်မနှင့် စင်တီမီတာစက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးတို့ကို ရက်သတ္တ ၂၂ ပတ်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph