၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မိုင်းယန်းမြို့နယ် ဟော်ကန်-ပါမိုင်-ဝမ်ယန်းကျောက်လမ်း ၂/၅မိုင် အနက် ၀/၄မိုင်ကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက စက်တင်ဘာ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ လမ်းဆောင်ရွက်ပြီးပါက မိုင်းယန်းမြို့နယ်အတွင်း ကျေးရွာသုံးရွာနေ ပြည်သူများအနေဖြင့် ဒေသတွင်းရှိ ထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။