GRET Myanmar နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် GRET Myanmar တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စီမံကိန်းအဆင့် ၂ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၅.၂၀၉ သန်းသုံးစွဲ၍ စိုက်ပျိုးရေး သင်တန်းများ ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းမြှင့်တင်ခြင်းလုပ်ငန်းများ၊ သဘာဝ အရင်းအမြစ်များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲရေး လုပ်ငန်းများအား ချင်းပြည်နယ် (တောင်ပိုင်း) နှင့် (မြောက်ပိုင်း) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

planing planning

စီမံကိန်းပထမအဆင့်အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.၄၇၅ သန်း သုံးစွဲ၍ ချင်းပြည်နယ် (တောင်ပိုင်း) ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ထန်တလန် မြိုနယ်များတွင် စိုက်ပျိုးရေသွယ်ယူခြင်း၊ လှေခါးထစ်စိုက်ပျိုးမြေယာဖော်ထုတ်ခြင်း၊ သီးနှံ သစ်တော စိုက်ခင်းဖော်ထုတ်ခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ခင်းအတွက် နည်းပညာသင်တန်းပေးခြင်း၊ တောင်သူဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ တောင်သူကွင်းဆင်းလေ့လာခြင်းနှင့် အခြားဒေသများသို့ အပြန်အလှန် သွားရောက်လေ့လာခြင်း၊ စားသောက်ကုန်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းပေးခြင်း လုပ်ငန်းများအား လည်းကောင်း၊ စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ အမေရိကန်ဒေါ်လာ ၁.၇၃၄ သန်းသုံးစွဲ၍ ချင်းပြည်နယ် (တောင်ပိုင်း) ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ထန်တလန်မြိုနယ်များ နှင့် ချင်းပြည်နယ် (မြောက်ပိုင်း) ပလက်ဝမြို့နယ်တို့တွင် စိုက်ပျိုးရေးနည်းပညာ တိုးတက်စေရန် ထောက်ပံ့ပေးခြင်း၊ ပိုမိုကောင်းမွန်သော အာဟာရ လုပ်ဆောင်မှု နှင့် အစားအသောက် အမျိုးမျိုးတို့ အပေါ်ဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ စျေးကွက် ရရှိမှုတိုးတက်စေခြင်းနှင့် စီးပွားရေးလုပ်ငန်းများထောက်ပံ့ခြင်း၊ လူထုအခြေခံသော မြေယာရှုခင်းနှင့် ရေဝေရေလဲစီမံခန့်ခွဲခြင်း အစီအစဉ်၊ အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုများကို မှတ်တမ်း တင်ခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အရပ်ဘက်အဖွဲ့စည်းများအတွက် ထောက်ပံ့ပေးခြင်း လုပ်ငန်းများအား လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph