ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ထိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
   အဆိုပါ ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင်အနက် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့အတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၀၁၆ အိမ်၊ အိမ်ထောင်စု ၃၀၂၀၊ လူဦးရေ ၁၆၄၄၆ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက် အကူပြုစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph