ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင်လမ်းပေါ်တွင် လိုအပ်လျက်ရှိသော သံကူကွန်ကရစ်တံတား ၃ စင်း (၂၅ ပေ ၁စင်း၊ ၂၀ ပေ ၁စင်း၊ ၁၅ ပေ ၁ စင်း) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် Box Culvert ၈ စင်း (၁၀ ပေ ၂ စင်း၊ ၅ ပေ ၆ စင်း) တည်ဆောက်ခြင်းလုပ်ငန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ်ဒေသ၊ မြေပြန့်ဒေသ မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးတွင်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ် ၂၈၈၉ ဒဿမ ၀၆၅ သန်းဖြင့် မြေလမ်း ၁၁ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင်၊ သံကူ ကွန်ကရစ်တံတား ၈ စင်း၊ Box Culvert ၅၁ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

standard

ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကလောမြို့နယ် က‌လောမြို့ ရပ်ကွက်(၈)မှ တာယော-ရွာသစ် -‌ညောင်တုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာ-တောင်ပဲ့ကျေးရွာချင်းဆက်လမ်း ၂ မိုင်ကျောက်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ၃၃ ဒသမ ၃၅၂ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာ ကိုးရွာမှ လူဦးရေ ၄၉၇၂ ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖ

standard

ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသမှ ဒေသထွက် စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရာတွင် အရေးကြီးသည့် ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလျက်ရှိသော ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၈၅ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

standard

နန်းယွန်း-ပန်ဆောင် လမ်းပိုင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင်လမ်းပိုင်းတွင် လမ်းသား ပြတ်ကျခြင်းနှင့် Box Culvert တစ်စင်း မြေကာနံရံ တစ်ဖက်လဲကျပြီး လမ်းသားပြိုကျပျက်စီးခဲ့သည်။

standard

ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းစားဆောင် ဆောက်လုပ်

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၂၄၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ယခုအခါရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

standard

လှိုင်းဘွဲမြို့နယ်၌ ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၀/၇ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီ ၂၃ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်သည်။
    အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၅၉၅ အိမ်၊ အိမ်ထောင်စု ၆၂၀၊ လူဦးရေ ၃၀၅၈ ဦးတို့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

standard

ကျိုင်းတုံမြို့နယ် ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ ၅၀၉ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာ ကျေးရွာချင်းဆက်လမ်း ၇/၂ မိုင်အနက် ၅/၁ မိုင် ဆောင်ရွက်ပြီး ကျန် ၂/၁ မိုင်အား မူလလမ်း ၁၀ ပေအကျယ်မှ ၂၆ ပေအကျယ် မြေသားလမ်းတိုးချဲ့ခြင်း၊ ဖြုန်းခင်းခြင်းနှင့် Box Culvert ခုနစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများက မတ် ၈ ရက်တွင

standard

မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာအား ဆက်သွယ်ပေးမည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၆၅၅ ဒသမ ၁၄၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

standard

အသိပညာ၊ အတတ်ပညာပြည့်ဝသော လူငယ်များဖြင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဗလငါးတန်ပြည့်ဝပြီး မိမိဒေသနှင့် နိုင်ငံတော်အတွက်အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလို

ရန်ကုန် မတ် ၇
   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လူငယ်ရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

standard