နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ ၆ လအတွင်း ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများ ခွင့်ပြုရန်ပုံငွေတို့ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။