August 2023

ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်၊ ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ စိုက်ပျိုးရေးသုံးမြေသြဇာများ ထောက်ပံ့

ဘားအံ၊ သြဂုတ် ၁၄ 
    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ သြဂုတ် ၁၄ ရက် နံနက်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဗဟိုဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသသို့ သွားရောက်၍ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာစာအုပ်၊ ဆရာလမ်းညွှန်စာအုပ်၊ စာရေးကိရိယာနှင့် စိုက်ပျိုးရေးသုံး မြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

ရန်ကုန် သြဂုတ် ၁၃ 
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

standard

မက်မန်းမြို့နယ်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ သြဂုတ် ၁၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ ပညာဒီပဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်   ဩဂုတ်  ၁၁
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)တွင် EFI (Electronic Fuel Injection)သင်တန်း၊ PLC(Programable Logic Controller)သင်တန်းနှင့် Phone Advance သင်တန်းများ ဆင်းပွဲအား ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

standard