နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၂ ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၅၀၀ ဒသမ ၆၁၈ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သော လဟယ်မြို့နယ် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း (လဟယ်ဘက်ခြမ်း) မြေသားလမ်း ၅ မိုင်နှင့် Box Culvert အစင်း ၂၀ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ချိန် ကာလအတွင်း ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။