April 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအားဆွေးနွေးမှာကြား၊ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ  ၁၀
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တောင်ကြီး မြို့၊ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် အောင်ပန်းမြို့အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကလောမြို့သာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား

နေပြည်တော် ဧပြီ ၁၀
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ် ခဲ့စဉ် အောင်ပန်းမြို့အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကလောမြို့ သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
တာဝန်ရှိသူများအား လမ်းညွှန်မှာကြား

standard

မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လိုက်လံကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုများအား နှစ်သိမ့်အားပေးစကား ပြောကြား

နေပြည်တော်   မတ်    ၃၁ 
     နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသော မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအမှတ်(၄၂) နယ်စပ်‌ရေးရာဝန်ကြီးဌာနနှင့်  ဝန်ထမ်းအိမ်ရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

standard