ပူတာအိုမြို့နယ်၊ ပူတာအိုလွင်ပြင်ပတ်လမ်း ၂၅/၀ မိုင်မှ ၁/၇ မိုင်နှင့် ပေ ၃၃၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်‌ဒေသဖွံ့ဖြိုးရေးပြည်‌ထောင်စုရန်ပုံငွေကျပ် ၇၈၀ ဒသမ ၃၇၈ သန်းဖြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပူတာအိုလွင်ပြင်ပတ်လမ်း ၂၅/၀ မိုင်မှ ၁/၇ မိုင် နှင့် ပေ ၃၃၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
    ယင်းလုပ်ငန်းများအား မတ်လ ၂၂ ရက်တွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ယင်းလမ်းသည် ပူတာအိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုမည့်လုပ်ငန်းဖြစ်ပြီး ဒေသထွက်ကုန်များကို မြို့ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့ မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများစွာ အထောက်အကူပြု သည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် များစွာဝမ်းမြောက် ဂုဏ်ယူလျက်ရှိကြောင်း သိရသည်။
    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အတွင်း လမ်း၊ တံတားလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာများ ကို ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုး‌ရေးရန်ပုံငွေကျပ်  ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Post Paragraph