Swiss Foundation for Development Cooperation- Swissaid (ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဆွစ်ဇာလန်ဖောင်ဒေးရှင်း)
![]() |
![]() |
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
Terra People Association (TPA)နှင့် ပူးပေါင်းဆောင်ရွက်မှု (အပြန်အလှန်ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်းစီမံကိန်း- Creation of Symbiotic Society Project)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA)တို့ ပူးပေါင်း၍ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်းဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအား စီမံကိန်း အဆင့် ၅ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၅.၄၈၈ သန်း သုံးစွဲ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် နှင့် နောင်တရား မြို့နယ်တို့တွင် အပြန်အလှန်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်
နိပွန်ဖောင်ဒေးရှင်းအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ - Bridge Asia Japan) နှင့် ပူးပေါင်းဆောင်ရွက်မှု
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ) အဖွဲ့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်း ဆောက်လုပ်ခြင်း စီမံကိန်းအား၂၀၁၃ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်း ၂ ကြိမ်ဖြင့် အမေရိကန် ဒေါ်လာ ၁၆.၉၃၂ သန်း သုံးစွဲပြီး စာသင်ကျောင်း ၁၈၀ ဆောက်လုပ်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
နိပွန်ဖောင်ဒေးရှင်း (TNF - The Nippon Foundation) ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် စေတနာအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်း” (Education for Peace and Development – EPD) အား စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၁၁ သန်းသုံးစွဲ၍ ရှမ်းပြည်နယ် (တောင်ပိုင်း/ မြောက်ပိုင်း) တို့တွင် စာသင်ကျောင်း ၃၀၂ ကျောင်း ဆောက်လုပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာဂစ်မုန်တိုင်းဒဏ်သင့်သည့် ဒေသများဖြစ်သည့် မအူပင်နှင့် ညောင်တုန်း ဒေသတို့တွင် စာသင်ကျောင်း ၃
The Nippon Foundation (TNF) နှင့် ပူးပေါင်းဆောင်ရွက်မှု (ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်း-Comprehensive Development Programme)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ဘက်စုံဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံကိန်းအား စီမံကိန်း အဆင့် ၂ ဆင့်ဖြင့် ကျပ်သန်း ၂၃,၉၅၈.၈၆၁ နှင့် အမေရိကန် ဒေါ်လာ ၂၃.၆၂၂ သန်း သုံးစွဲ၍ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် အိမ်ရာဆောက်လုပ်ခြင်း၊ စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ ရေတွင်း တူးဖော်ခြင်း နှင့် Vocational Training Center ဆောက်လုပ်ခြင်းနှင့် Public Information Center ဆောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ ဆိုလာမီးတပ်ဆင
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာ ကော်မတီတို့အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၂၀၀၀ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ လက်မှတ်ရေးထိုးခဲ့ကြပြီး တိုင်းရင်းသား လူမျိုးစုရေးရာ ကိစ္စရပ်များတွင် အတွေ့အကြုံ ဖလှယ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချခြင်း၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသန နှင့် လေ့လာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ ကိစ္စရပ်မျ
မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်း
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယ သမ္မတ နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ- အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ ကြိမ် ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များ တွင် လည်းကောင်း၊လမ်း/တံတား ဖောက်လုပ်တည်ဆောက်ခြင်း၊ စာသင်ကျောင်းများ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ခြင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ သွားရောက်ကြ
နေပြည်တော် ဇန်နဝါရီ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ဖြိုးသန့်သည် ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး တက္ကသိုလ် အစည်းအဝေး ခန်းမ၌ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ပါမောက္ခချုပ်က တက္ကသိုလ်၏ စီမံရေးရာနှင့် သင်ကြားရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

