မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် လိုက်လံကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုများအား နှစ်သိမ့်အားပေးစကား ပြောကြား

နေပြည်တော်   မတ်    ၃၁ 
     နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသော မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအမှတ်(၄၂) နယ်စပ်‌ရေးရာဝန်ကြီးဌာနနှင့်  ဝန်ထမ်းအိမ်ရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

standard

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲ တက်ရောက်

   တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

standard

ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို မတ်လ ၂၈ ရက်တွင် ကျင်းပကြောင်း သိရသည်။

standard

မွန်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း၌ သင်တန်းဆင်းပွဲ တက်ရောက်

   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)နှင့် မွန် ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

ကျွန်းစုမြို့နယ် မော်တုံးကြီး-တောင်သုံးလုံးလမ်းပေါ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်လမ်း ၁၁/၀ မိုင်ပေါ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

standard

လှိုင်းဘွဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၄၅၁ ဒသမ ၆၄၀ ဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရင်းဘိုင်-ကူးဆိပ်-ငှက်ပျောတော-ထီးစထ-ရှမ်းရွာသစ်လမ်းပိုင်း အရှည် ကိုးမိုင် နှစ်ဖာလုံအနက်မှ လမ်းအရှည် သုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။

standard