“ငြိမ်းချမ်းသောမြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၇
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အစီအစဉ်အဖြစ် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲတတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။