ခန္တီး၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

ခန္တီး မေ ၆
    စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကို မေ ၄ ရက်က ကျင်းပသည်။
    ဦးစွာ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သိမ့်သိမ့်စိုးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြသည်။

standard

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ်(၁၃/၂၀၂၆)သင်တန်းဖွင့်

ထားဝယ် မေ ၄
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ် နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း‌ ဒေသကြီး ထားဝယ်မြို့ စက်မှုလက်မှုပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

standard

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်လှစ်

မြိတ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်း၌ မေလ ၄ ရက်နံနက်ပိုင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကျင်းပသည်။

standard

မူဆယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်

မူဆယ် မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

standard

ရေးမြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်ပွဲကျင်းပ

ရေး၊ မေ ၄
မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲကို ရေးမြို့နယ်(ခေတ္တ) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

standard

ရှမ်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲတက်ရောက်

အောင်ပန်း မေ ၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း) အိပ်ခန်းဆောင်သင်တန်း၊ ဧည့်ကြိုသင်တန်းနှင့် အစားအစာနှင့် အ‌ဖျော်ယမကာဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြသည်။ 

standard

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)ဖွင့်ပွဲကျင်းပ

မိုင်းဆတ် မေ ၄ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်

ပုသိမ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

standard