လဟယ်-လေရှီး မြို့နယ်ချင်းဆက်မြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် ကျောက်ရောမြေအမာခံလမ်း ၁၀ မိုင် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လဟယ်-လေရှီး မြို့နယ်ချင်းမြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် လဟယ်ဘက်ခြမ်း ကျောက်ရောမြေအမာခံလမ်း ၁၀မိုင်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ဦးစီး၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ထားဝယ်မြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်းက မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၊ လဟယ်မြို့၌ လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လဟယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ဒုတိယ အကြိမ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းမှ သင်တန်းသူများကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ၂၆-၂-၂၀၂၅ ရက်နေ့၊ ၁၃:၀၀နာရီအချိန်၌ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လဟယ်မြို့၊ ခေတ္တမြို့နယ်မှူး ဒုရဲမှူးကျော်ရွှေက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး ၎င်းဆွေးနွေးပွဲသို့ သင်တန်းသူ ၂၅ ဦး၊ ဝန်ထမ်း ၇ &nb
နယ်စပ်ရေးရာဝန်ကြီးဌာန မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်
ဖေဖော်ဝါရီလ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။