လပွတ္တာမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လပွတ္တာ   မတ်  ၂၆
    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် (၃) မိုင်မြို့ (၁) ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၃)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၂၀)၊ ဂဟေသင်တန်းအမှတ်စဉ်(၂၀)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၅) နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ မီးဘေးကာကွယ်ရေးအသိပညာပေး

     နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗဟိုလေ့ကျင့်ရေးကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း၌ ဆောင်ရွက်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံတောင်သူများရာသီအလိုက် သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေးတို့အတွက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

standard

မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေး အန္တရယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေးဆွေးနွေး ဟောပြောခြင်းနှင့်သရုပ်ပြ လေ့ကျင့် ခြင်းများကို ယနေ့ညနေပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါရုံးဝင်းအတွင်း ဆောင်ရွက်သည်။

standard

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လဟယ်- ဟွေထိုက်- ပုံညို နောက်အင်းကြား ၂၀ မိုင်အနက် မြေသားလမ်း ၃ မိုင် အပြီးသတ်‌ ဖောက်လုပ်ခြင်း လုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

standard

ပြည်ကြီးမဏ္ဍိုင်မြို့၌ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာ အုပ်စု၊ ပြည်ထောင်စုလမ်းမနှင့် ရေနောက်ချောင်း-ဟင်းလိုင်းကျေးရွာချင်းဆက် မြေသားလမ်း ပေါ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၉၆ သန်းဖြင့် ကျောက်ခင်းခြင်း လုပ်ငန်း ၁/၀ မိုင်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ အဆိုပါလမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ မြေသားလမ်း ၄/၆ မိုင်၊ Box Culvert ၁၂ စင်း၊ ကွန်

standard