နန်းယွန်းမြို့နယ် ရောင်ကွန်-ရှိတ်ညို-ကြူယမ်း-ဝပ်ကကျောက်ခေါ်-ဟရှိတ်နုတ်ညိုလမ်း လမ်းတာချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နေပြည်တော် မတ်လ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နန်းယွန်းမြို့နယ် ရောင်ကွန်-ရှိတ်ညို-ကြူယမ်း-ဝပ်ကကျောက်ခေါ်-ဟရှိတ်နုတ်ညိုလမ်း ၄၃မိုင် ၄ဖာလုံအနက် ၁၀ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း သိရသည်။