ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော် ဇွန် ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
၀မ်တောင်း - နမ့်မုတ်သွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ်တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇွန်လ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ၀မ်တောင်း-နမ့်မုတ်ရွာသွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ် တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ တံတားသစ် မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလှူငွေပေးအပ်လှူဒါန်းခြင်း
ဇွန်၇ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး(Y-8) လေယာဉ်၌ပါရှိသွားသည့်စစ်သည် မိသားစုများနှင့်လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေများကိုကာကွယ်ရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့က ထောက်ပံ့ငွေများလာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကဘော်ချိုင့်ဝှမ်းဒေသဆီသို့ သမင်လည်ပြန်
မြင့်စိုး (နတလ) ပြီးခဲ့သည့် မေ ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့ပေါ်(၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းအခမ်း အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ ပြည်နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုထွေးတို့က ရေပေးဝေရေးလုပ်ငန်း စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရေစတင် ပေးဝေရန် ရေဘားကိုဖွင့်လှစ်ပေးခ
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မေလ ၃၀ရက်
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး အား ယနေ့နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ဗဟုံး-ကျေးကတော့ကျောက်ချောလမ်းဖွင့်
နေပြည်တော်၊ မေလ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဗဟုံး-ကျေးကတော့ ကျောက်ချောလမ်း (၅/၀) မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် လာရောက်တွေ့ဆုံ
နေပြည်တော်၊ မေလ ၂၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Miroslav Jenca သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော်၊ မေလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long သည် ယနေ့နံနက် (၁၀) နာရီအချိန် တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။