မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်လမ်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း ၁၁ မိုင်ဖောက်လုပ်ခြင်း၊ တံတား ၇ စင်းနှင့် Box Culvert ၁၇ စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါဖောက်လုပ်ခဲ့သည့်လမ်းအား ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် မြေသားလမ်း ၁၁ မိုင်အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ တံတား ၁ စင်းနှင့် Box Culvert ၈ စင်းတို့ကို တည်ဆောက်ပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
Post Paragraph
Paragraph Images