နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော် ကောင်စီနယ်မြေအတွင်း ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူးနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလတွင် ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။
 

Post Paragraph