ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးသွားရောက်ခြင်းနှင့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ကြည့်ရှုအားပေး

အောက်တိုဘာလ ၂၄ ရက်နေ့
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ သြဝါဒခံယူရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦးတို့သည် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော် စစ်သမိုင်းပြတိုက်နှင့် မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန-၁တွင် ပြုလုပ်ကျင်းပလျက်ရှိသည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ တေးသီချင်းဆိုပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Post Paragraph