ရခိုင်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

စစ်တွေ၊ စက်တင်ဘာလ ၁၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်‌ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည့် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း လျက်ရှိရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများက စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ ကံတော်မင်္ဂလာကျောင်း ဆရာတော်ကြီးထံ ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ကုလားပဲများကို ဆက်ကပ်လှူဒါန်းကြသည်။    
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဒေသအလိုက် ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။