၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) Banquet Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က “ဥမကွဲ သိုက်မပျက်” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာပြည် ခရီးစဉ်” သီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
မြန်မာအကအခြေခံ ကဗျာလွတ် အကပြိုင်ပွဲ
မြန်မာအကအခြေခံ ကဗျာလွတ် အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) Plenary Hall ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု မိရွှေရည်ဖူးပွင့်နှင့်အဖွဲ့၊ ကယားပြည်နယ် ကိုယ်စားပြု မနီဝင်းထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ကိုယ်စားပြု မကြည်စင်သန့်နှင့်အဖွဲ့၊ စစ်ကိုင်း တိုင်းဒေသကြီးကိုယ်စားပြု မဖူးဖူးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မအိမ့်မြတ်မွန်နှင့် အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု မအိန္ဒြာမြင့်မြတ်မွန်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မသိမ့်ကြည်ကြည်လင်းဦးနှင့်အဖွဲ့၊ ရှမ်းပြည်နယ်ကိုယ်စားပြု မနေခြည်ထက်ခန့်နှင့် အဖွဲ့၊ ကချင်ပြည်နယ်ကိုယ်စားပြု မလဖိုင်နန်ထွမ်ဆမ်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးကိုယ်စားပြု မထွန်းရတနာဗိုလ်နှင့်အဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု မဆုသစ်သစ်နှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု မဉာဏ်မြတ်သွန်းနှင့်အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မဖြိုးဖြိုးဝေ နှင့်အဖွဲ့တို့က အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက်ညီညာလှပ ကျွမ်းကျင်ပိုင်နိုင် စွာ ကပြယှဉ်ပြိုင်ကြသည်။
ချင်းတိုင်းရင်းသားရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ကျင်းပရာ ဦးစွာ ချင်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့က ချင်းတိုင်းရင်းသားရိုးရာအကကို ချင်းရိုးရာ ကကြိုး၊ ကကွက် များစုံလင်စွာ စံပြအနေဖြင့် ကပြကြ သည်။
ထို့နောက် ချင်းတိုင်းရင်းသားရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ကချင်ပြည်နယ်ကိုယ်စားပြု မောင်ဘောမ်ချမ်းနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု နန်းဇင်မီမီမိုးနှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးကိုယ်စားပြု မောင်ထွန်းပြည့်အောင် နှင့်အဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု မိဝင်းရတနာဇင်မျိုးထွေးနှင့်အဖွဲ့၊ ရှမ်းပြည်နယ်ကိုယ်စားပြု မောင်အာကာပြည့်ဖြိုးနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု မောင်စိုးမင်းသူနှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ဦးကျော်ထက်အောင်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မောင်ကောင်းစံဟိန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ကိုယ်စားပြု မောင်ပိုင်ထက်နှင့်အဖွဲ့၊ မွန်ပြည်နယ်ကိုယ်စားပြု မောင်အောင်စိုးမိုးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု မောင်စိုးမင်းသူနှင့်အဖွဲ့၊ ကယားပြည်နယ်ကိုယ်စားပြု ဦးအောင်ပြည့်စုံနှင့်အဖွဲ့နှင့် ပဲခူးတိုင်းဒေသ ကြီးကိုယ်စားပြု ဆလိုင်းသော်တာဝင်းနှင့်အဖွဲ့တို့က ချင်းပြည်နယ်၏ သဘာဝအလှတရားများနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် “ချင်းတောင်တန်းမှ ကြိုဆိုလျက်” သီချင်း နောက်ခံဖြင့် လှပကျော့ရှင်းသည့် ချင်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ချင်းအလှ၊ ချင်းတို့ဟန်ဖြင့်ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ
အရေးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာ အဆင့်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထံတျာတေအစ မဟာဂီတ” ခေါင်းစဉ် ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
မယ်ဒလင်အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “အတိုင်းမသိ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းဟေဝန်” (ယိုးဒယား) သီချင်း ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဂုဏ်တော်ဖွင့်” (ကာလပေါ်) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမန်” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကုဏ္ဍာလာအိုင်ဘွဲ့” (ယိုးဒယား) သီချင်းဖြင့်လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြူဝန်းလို့ခို” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “မန္တလာဘုံ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြမန်းဂီရိ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်္ဂလာဆယ့်နှစ် ပါး” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ပတ္တလားအတီးပြိုင်ပွဲ
ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ Mini Theatre ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး) သီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ရှစ်စုံရွက်ကြာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသမီးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှိုင်းရိပ်ကယ် တည့်” (ကြိုး) သီချင်းဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ် ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲ
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်း မင်းရာဇာခန်းမ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လျှပ်ပန်း ခွေနွဲ့” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရဂုံဟေမန်” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မော်တင်လယ်” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ကွက်စိပ်ပြိုင်ပွဲ
ကွက်စိပ်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သမုဒ္ဒဝါဏိဇဇာတ်တော်” ဖြင့် ဇာတ်တော်၏ အနှစ်သာရနှင့် ဦးတည်ချက်ပေါ်လွင် အောင် နှုတ်မှုစွမ်းရည် ပြသဟောပြော ယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော် ကြီးဖြင့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ရတနာပုံ ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာ ယဉ်ကျေး မှုအမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲ
ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီလဟာပြင် ဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟာဇနက” ဇာတ်တော်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု သီရိဇေယျာဇာတ်တော်ကြီးအဖွဲ့က မူရင်းဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
လာရောက်ကြည့်ရှုအားပေး
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအဖွဲ့ဝင်များဖြစ် သည့် ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အနုသုခုမ သဘင်ကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊ မိဘများက ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အောင်မြင်စွာကျင်းပပြီးစီး
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ် ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတု အထိမ်း အမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ယှဉ်ပြိုင်မှု များသည် ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ တင့်တင့် တယ်တယ် ဆက်လက် ရှင်သန်ဖြစ်ထွန်းနေစေရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်းခိုင်မာနက် ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှုကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေ ရန်နှင့် မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာနေစေရန် အနုပညာ စွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရဦးမည်ဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည်
နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ ငွေအား၊ လူအား၊ အချိန်အား များစွာစိုက်ထုတ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကိုအစဉ်သဖြင့် တည်တံ့ရှင်သန်နေစေရန်အတွက် အမျိုး သားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၂၃) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲများ ယှဉ်ပြိုင်မှုအောင်မြင်စွာ ကျင်းပပြီးစီး
Post Paragraph
Paragraph Images