နေပြည်တော်၊ ဒီဇင်ဘာလ ၉ ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် နေပြည်တော်၊ သုခသိဒ္ဓိရပ်ကွက်၊ အ.ထ.က (၁၀) အားကစားကွင်း၌ ကျင်းပမည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အခမ်းအနားနှင့် ပတ်သက်သည့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။