အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်ပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၈
    မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အောက်တိုဘာလ ၂၈ ရက် နံနက် ၉ နာရီတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး‌ ပခုက္ကူမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ‌‌ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းသမိုင်းအကျဉ်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းအမျိုးအစား၊ သင်တန်းကာလအတွင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
    ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းကာလအတွင်း အသုံးပြုမည့် ပစ္စည်းများ၊ သင်ကြားပို့ချမည့် လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည် ဒီဇိုင်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
    အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ ဦး တက်‌ရောက်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်အထိ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် ပညာရပ်များကို အခြေခံမှ စတင်ကာ ကိုယ်တိုင်ဒီဇိုင်းရေးဆွဲချုပ်တတ်သည်အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
 

Post Paragraph