အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၄
   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံသည်။
   တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
   ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယခင်နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုအခြေအနေ၊ နိုင်ငံရေးပါတီများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များ ရယူခဲ့မှု အခြေအနေ၊ ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်းအကျင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအရေးပါပုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးသောပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းထားသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ဆိုင်ရာကိစ္စများအား ရှင်းလင်းဆွေးနွေးသည်။
   ယင်းနောက် တက်ရောက်လာကြသူများက နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ဖွဲ့စည်းနိုင်ရေးကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်အချက်များ၊ လွှတ်တော်များ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးအကြုံပြုချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေး၍ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 

video-upload