January 2020

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ခဲ့ရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ၏ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေးလုပ်ငန်းများ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှ

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ - ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့သည်။

standard

ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ နှင့် တာ၀န်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား (၆-၁-၂၀၂၀) ရက်နေ့ မှ (၉-၁-၂၀၂၀)ရက်နေ့အထိ ကွင်းဆင်းကြည့််ရှုစစ်ဆေးခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်အမတ်အားလက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်အမတ် Mr. NAKATANI Gen နှင့်               Mr. HAMADA Yasukazu တို့အား ယနေ့မွန်းလွဲ (၂) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

standard