July 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် တာ၀န်ရှိသူများ လိုက်ပါ လျက် (၁၄-၇-၂၀၂၀) ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး နှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များ၏ ပင်မစာ သင်ဆောင်နှင့် အစည်းအဝေးခန်းမများတွင် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား (၁၃-၇-၂၀၂၀) ရက်နေ့မှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။