နိပွန်ဖောင်ဒေးရှင်းအဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ - Bridge Asia Japan) နှင့် ပူးပေါင်းဆောင်ရွက်မှု
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ) အဖွဲ့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်း ဆောက်လုပ်ခြင်း စီမံကိန်းအား၂၀၁၃ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်း ၂ ကြိမ်ဖြင့် အမေရိကန် ဒေါ်လာ ၁၆.၉၃၂ သန်း သုံးစွဲပြီး စာသင်ကျောင်း ၁၈၀ ဆောက်လုပ်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။