March 2022

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်

စစ်ကိုင်း မတ် ၂၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့နှင့် ကျောင်းမှ အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၂၉ ရက်နေ့ နံနက် ၀၉:၀၀ နာရီက သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

standard

မြေသားလမ်း ရေထုတ်ပြွန်တံတားနှင့် ပိုက်ပြွန်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

      ကျောက်ဖြူမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြေသားလမ်း၊ ရေထုတ်ပြွန်တံတားနှင့် ပိုက်ပြွန်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျောက်ဖြူခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။ 

standard