March 2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ နမ့်မုန်း-ပန်ကောက်-နမ့်ပီး-ပန်မော့ကျေးရွာများသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းပိုင်းတွင် လိုအပ်လျက် ရှိသော ၃၀ ပေ ကွန်ကရစ်တံတား ၁ စင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၉ ဒဿမ ၁၆၂ သန်းဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လတာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းဆန်တော် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ Mask နှင့် Handgel ထောက်ပံ့လှူဒါန်း
နေပြည်တော် မတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး စင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ဘုန်းကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ကျောင်းများအား အာဟာရဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါသည်။
သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (မူဆယ်)၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် ဥပဒေရေးရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၅ -၃-၂၀၂၂ ရက် နံနက် ၁၀:၀၀ နာရီတွင် အဆိုပါ သင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Network အသုံးပြုရာတွင် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။
ကော့ကရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခိုကျေးရွာချင်းဆက်လမ်းပေါ်၌ တံတား ၂စင်း တည်ဆောက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ ပထမခြောက်လ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၈၀ ဒဿမ ၆၀၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခို လမ်း ၁၈/၄ မိုင် ပေါ်တွင် ၈၀ ပေ သံကူကွန်ကရစ် တံတား တစ်စင်းနှင့် ၂၀ပေ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင