စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းဆင်းပွဲများကျင်းပ
ဘားအံ မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB) တို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ဘားအံ၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၁)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၁)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၁၀) နှင့် ဂဟေသင်တန်းအမှတ်စဉ်(၉) တို့၏ သင်တန်းများဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။