မိုင်းယန်း မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ၉၃.၀၄၇ ကျပ်သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စု၊ ဝမ်ယို့မိုင်-နာကျော့လမ်းပေါ်ရှိ ၂၀ ပေ တံတား ၁ စင်း နှင့် ဟိုပုန်း(ဟုတ်ပုံ)- ဝမ်ယို့မိုင်လမ်းပေါ်တွင် ၁၅ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၂၃၂ အိမ်၊ လူဦးရေ ၁၆၉၀ ဦးတို့အတွက် များစွာ အကျိုးပြုသည့် တံတားများဖြစ်ပြီး ဒေသတွင်းရှိ ထွက်ကုန်များအား မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံမြို့များသို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။