April 2022

ဗန်းမော်မြို့ သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့်ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဗန်းမော် ဧပြီ ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ သီရိမင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

standard

ရေဖြူမြို့နယ်၌ ကျေးရွာချင်းဆက် တံတားနှစ်စင်း တည်ဆောက်ပြီးစီး

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဖားချောင်း-မြန်မာရှင်ထဘီကျေးရွာချင်းဆက်လမ်း ၆/၀မိုင်ပေါ်တွင် (ဒေသအခေါ်) သုံးမိုင်ချောင်းကူး ၆၀ပေ သံကူ ကွန်ကရစ်တံတား ၁ စင်းနှင့် ဒူးတောင်-ဆန်းချီ (အနောက်)-မြန်မာရှင်ထဘီကျေးရွာချင်းဆက်လမ်း ၆/၅မိုင်ပေါ်တွင် ၄၀ပေ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၁၁၈ ဒသမ ၅၂၂ သန်းဖြင့် အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက

standard

ရှမ်းပြည်နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ ရှမ်း၊ “ဝ”၊ ကိုးကန့်နှင့် ပလောင်ဒေသများတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

standard

ဗန်းမောက်မြို့နယ်အတွင်း ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်

ဗန်းမောက် ဧပြီ ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၂၇ ဒသမ ၁၅၆ သန်းဖြင့် ကသာ ခရိုင်၊ဗန်းမောက်မြို့နယ်၊ကနန်း-မူးသာ-လယ်ပဒုံလမ်းပေါ်တွင် နှစ်မိုင်ကျောက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
 

standard