နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော် ဇွန် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ်(မြောက်ဘက်ခြမ်း)၊ သံတောင်ကြီးဒေသဝန်းကျင်နှင့် လိပ်သိုအနီးဝန်းကျင်ရှိ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရသော ကျေးရွာများ မီးရရှိရေးအတွက် 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းအစုံ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။