November 2022
နယ်စပ်ရေးရာဝန်ကြီးဌာနက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကြာအင်းဆိပ်ကြီးမြို့နယ် ချမ်းမြေ့ရိပ်သာသီလရှင်ကျောင်းသို့ ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီး မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့် တာဝန်ရှိသူ များသည် ချမ်းမြေ့ရိပ်သာသီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာလမ်းပေါ်တွင် ရေကျော်တံတား တည်ဆောက်ပြီးစီး
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာလမ်းပေါ်တွင် ရေကျော် တံတားတည်ဆောက်ပြီးစီးမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လားရှိုး)မှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း အဆိုပါဌာနမှ သိရသည်။