December 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် မိတ်ဆုံစားပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ  ၃၀ ရက်   
    နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသော အားဖြင့် မိတ်ဆုံ နေ့လယ်စာ စားပွဲများ လစဉ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၏ တတိယအကြိမ် မိတ်ဆုံစားပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ဒေသခံပြည်သူများ ရာသီမရွေးသွားလာအသုံးပြုနိုင်စေရန် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီ ကျေးရွာချင်းဆက်လမ်းတွင် ဒေသခံပြည်သူများ ရာသီမရွေးသွားလာအသုံးပြုနိုင်စေရန် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း

လွိုင်ကော် ဒီဇင်ဘာ ၂၃ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်း‌တော်ကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲအမယ်လေးမျိုး ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

standard

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကျင်းပပြုလုပ်

ဒီဇင်ဘာလ  ၂၇ ရက်
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard