January 2023

ဟိုမိန်းမြို့၊ ပန်တဝက်-လုလေလမ်း ၂/၀ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ၈၈ ဒသမ ၉၈၄ သန်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ ပန်တဝက်-လုလေ မြေသားလမ်း ၂ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါလမ်း ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာနှစ်ရွာ လူဦး‌ရေ ၆၁၃ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရ

standard

ဗဟိုလေ့ကျင့်ရေးကျောင်းတွင် တည်ဆောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ ရန်ကုန် တွင် (၄) ထပ်အိပ်ဆောင် (၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းအတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်းအသုံးစရိတ်  ခွင့်ပြုရန်ပုံငွေ ကျပ် (၄၆၁.၄၁၄) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့်   Asia Destiny ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ 

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မိတ်ဆုံစားပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ  ၂၇  ရက်
    နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများအား လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မိတ်ဆုံနေ့လယ်စာ စားပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

standard