March 2023

နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းရေရှားပါးသော ရပ်ကွက်/ကျေးရွာများ၌ စက်ရေတွင်းများတူးဖော်ပေး

မော်လမြိုင် မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာများ မီးလင်းရေး၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်း မြို့နယ်များ၌ ရေရှားပါးသော ရပ်ကွက်/ကျေးရွာ များတွင် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

standard

နယ်စပ်‌ရေးရာဝန်ကြီးဌာနက လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

လွိုင်လင် မတ် ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ပေးလျက်ရှိသည်။

standard

ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ

ဆီဆိုင် မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်ကျောင်းခွဲ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို  မတ် ၂၄ ရက်နေ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်   ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။ 

standard

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေး

မြိတ်၊ မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (မြိတ်) ၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
    ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်က သင်တန်းဆင်း အမှာစကား ပြောကြား ပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

standard