May 2023

ထားဝယ်မြို့နယ်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ထားဝယ် မေ ၃၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကတနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း များသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ မေ ၂၉ ရက်က ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းကြောင်းသိရသည်။

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် အမြန်ဆုံးဖြန့်ခွဲနိုင်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

standard

DPM MoTC Union Minister inspects cleanup activities, renovation work, healthcare services in Rakhine State

STATE Administration Council Member Deputy Prime Minister Union Minister for Transport and Communications Admiral Tin Aung San watched the demonstration of using tree cutters, iron cutters and hydraulic cutters conducted by Myanmar Fire Brigade together with Union Minister for Border Affairs Lt-Gen Tun Tun Naung and Rakhine State Chief Minister U Htein Lin yesterday. 
During the event, the Deputy Prime Minister called for the need to conduct cleanup activities for broken towers using these cutters as quickly as possible. 

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုမည့် ဖြတ်စက်များ လက်တွေ့အသုံးချသရုပ်ပြသမှုကို ကြည့်ရှု

စစ်တွေ မေ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊ သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ် ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှုကိုကြည့်ရှုပြီး ချို့ယွင်းပျက်စီး တာဝါတိုင်များအား ၎င်းဖြတ်စက်များအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

standard