May 2023

သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ် လှူဒါန်း

မေ ၂၅ ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန သံတောင်ကြီးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက သံတောင်ကြီး မြို့နယ် မြို့တော်ဦး သာသနာပြုကျောင်းရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း

စစ်တွေ မေ ၂၆
မူလမြိုင်ကြီးငူ ဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းကြသည်။

standard

ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှု

မင်းပြား မေ ၂၅
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ်ခင်ဇော်သည် မေ ၂၄ ရက်နေ့က မင်းပြား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ တွေ့ဆုံသည်။ 

standard