August 2024

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက တတိယအကြိမ် စားသောက်ဖွယ်ရာများ လှူဒါန်း

သြဂုတ်လ    ၁၃    ရက်
    ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  ရဲဝံ့စွန့်စားစွာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်များဖြင့် အသက်နှင့်ခန္ဓာကို မငဲ့ကွက်ဘဲ တရားသောစစ်ကို  စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် ဇာနည်မောင်ဘွား ပြည်ချစ်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် နိုင်ငံ့သူရဲကောင်းများအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် မြန်မာ့သိုင်း (အခြေခံ)သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ် ၉
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(ရန်ကုန်)တွင် ပညာသင်ယူနေကြသည့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တတိယနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့သိုင်း (အခြေခံ) သင်တန်း အမှတ်စဥ် (၃) သင်တန်းကို ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၉ ရက်အထိ ရက်သတ္တပတ် ၄ ပတ် ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းအားကစား ကွင်း၌ ကျင်းပသည်။ 

standard

ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပခုက္ကူ  ဩဂုတ် ၁၁
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီအချိန်က စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကျင်းပသည်။ 
ရှေးဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးဦးဆန်းလင်း က အမှာ  စကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး    ဒေါ်စန်းယုမော် က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ရှင်းလင်းပြောကြားသည်။

standard