October 2025

တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်အခမ်းအနားကျင်းပ

တာချီလိတ် အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွက်ကဲမှုအောက်ရှိ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက သင်တန်းသူများအား ပံ့ပိုးပစ္စည်းနှင့် အလှူငွေများ ပေးအပ်ခဲ့ပါသည်။

standard

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄ 
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။ 

standard

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကို အောက်တိုဘာလ ၂၁ ရက်က လိပ်အင်းရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများပီသစွာ

“နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးဟာ ပြည်ထောင်စုသားအားလုံးရဲ့ မွေးရာပါတာဝန်ဖြစ်တာကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းလုံး ညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်း သွားကြဖို့လိုတယ်။ တို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့ မယ်တို့က အမိဖွံ့ဖြိုးရေးတက္ကသိုလ်မှာ အတူတကွပညာသင်ကြားရင်းနဲ့ ရင်ထဲမှာ စွဲမြဲခံယူကြပြီး ဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် မောင်တို့၊ မယ်တို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်း များပီသစွာနဲ့ မိမိတို့ တာဝန်ကျရာဒေသတွေမှာ

standard